ဦးတည်ချက် ရည်မှန်းချက် မရှိတဲ့သူဟာ ဘာကိုမှ ကျေကျေနပ်နပ် ခံစားနိုင်မှာ မဟုတ်ဘူး။
သူ့ဦးတည်ချက်က သူ့ဘ၀ကို စုစည်းပေးတယ်။ သူ့အင်အားတွေကို စုစည်းပေးတယ်။ သူ့ဦးတည်ချက်က သူ့ကို စည်းကမ်းရှိတဲ့သူဖြစ်အောင် လမ်းတည့်ပေးတယ်။ သူ့ဦးတည်ချက်က သူ့ကို အချိန် ဖြုန်းစရာ မရှိအောင် လုပ်စရာတွေကို ရှေ့မှာ တန်းစီးထားပေးတယ်။ ဘာမှ လုပ်စရာ မရှိဘူးဆိုတာ သူ့အတွက် ဘယ်တော့မှ ဖြစ်မှာ မဟုတ်တဲ့ အခြေအနေပဲ။ သူ အနားယူတယ် ဆိုတာတောင်မှ နားပြီးရင် လုပ်ဖို့ အနားယူတာ။ အားနေလို နားတာ မဟုတ်ဘူး။ သူ့အတွက် ပျော်စရာအကောင်းဆုံးက သူ့စိတ်ကူးတွေကို အကောင်အထည်ဖေါ်နေရတာပဲ။
ဦးတည်ချက်ရှိမှ ရွေးစရာဆိုတာ ဖြစ်လာတယ်။ ရွေးစရာရှိမှ လွတ်လပ်မှုလည်းရှိတယ်။ ဒါကြောင့် ဦးတည်ချက် မရှိတဲ့သူဟာ လွတ်လပ်မှု
မရှိဘူး။
ကိုယ့်ခံယူချက်၊ ယုံကြည်ချက်၊ ကိုယ့်ရဲ့ရပ်တည်ချက်တွေ..မရေရာတာဟာ ကြီးမားတဲ့ ပြသာနာပဲ။
ဆရာတော် ဦးဇောတိက ရဲ့ တွေး မိတိုင်းပျော်တယ်...စာအုပ်မှ ကောင်းနိုးရာများ.....
Tuesday, June 10, 2008
ှုဦးတည်ချက်၊ ရည်မှန်းချက်
Posted by
Best Design Ware
at
12:53 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment