Flash Template
To download this template click here
To download this template click here
To download this template click here
To download this template click here
Get every templates freely from http://www.bdware.net/
Friday, February 22, 2008
Free Flash Template
Posted by
Best Design Ware
at
3:18 AM
2
comments
Tuesday, February 19, 2008
သူ့အမြင် ကိုယ့်အမြင်
ကျနော် သူငယ်ချင်းတစ်ယောက်နဲ့ စကားလက်ဆုံနေတုန်း….လူငယ်ရေးရာ အကြောင်းကို ရောက်သွား တယ်..ဒါနဲ့ သူငယ်ချင်းက..ပြောတယ်..လူမျိုးရေး၊ ဘာသာရေး မခွဲခြားပဲ မြန်မာနိုင်ငံမှာရှိ တဲ့လူငယ်နှင့် ပြည်ပရောက် မြန်မာလူငယ်များအားလုံးကို တစ်ယောက်နှင့်တစ်ယောက် Links ဖြစ်အောင် တစ်ခုခုလုပ်ရင်ကောင်းမယ်..
လုပ်နိုင်ရင်တော့ကောင်းတာပေါကွာ…ငါတို့နိုင်ငံမှာက..လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရှိတဲ့ ဆိုတော့ လူငယ်တစ်နဲ့တစ်ယောက် အမြင်ခြင်း၊ အတွေးအခေါ်၊ အယူအဆ၊ အမျော်လင့်ချက်တွေက ကွဲကြမှာဘဲလေ…သူတို့အမြင်၊အတွေးအခေါ်၊အယူအဆ တစ်ခုတည်း (one spirit) ရှိရင်တော့..ကျနော်တို့ မြန်မာပြည်ရဲ့ အနာဂတ်ကြီး ခေတ်မှီမယ်၊ သာယာမယ်၊ ငြိမ်းချမ်းမယ်၊လွတ်လပ်မယ်၊ စည်းလုံးမယ်။
တစ်ခုတော့ရှိသေးတယ်…လူငယ်တွေနဲ့လည်း မပြီးသေးဘူး၊ လူကြီးရော ကျန်သေးတယ်လေ၊ ဘာဖြစ်လို့လဲဆိုရင် လူကြီးတွေက သူသဘောနှင့် သူလုပ်ချင်ရာလုပ်၊ လူငယ်တွေလည်းလုပ်ချင်ရာ လျှောက်လုပ်မယ်နေမယ်ဆိုရင်…ကျနော်တို့ မြန်မာပြည်ကြီး ဒုံရင်းဟာ ဒုံယင်းပဲဖြစ်မယ်၊ ဘာပြောင်းလဲ တိုးတက်မှုမှ တွေ့ရလိမ့်မယ် မဟုတ်ဘူး..ဒါကြောင့် လူကြီးရော၊ လူငယ်ရော လက်တွဲကြဖို့၊ တစ်ဦးနှင့်တစ်ဦး ဝေငှကြပြီး အကောင်းဆုံအချက်အလက်ကို ရွေးပြီး မြန်မာပြည်ရေးအတွက် ချီးတက်ကြပါစို့။
လူကြီး မလုပ်နိုင်တာ လူငယ်တွေမှာ လုပ်နိုင်တယ်..တိုနည်းတူ..လူငယ်မလုပ်နိုင်တာ လူကြီးတွေလုပ်နိုင်တယ်၊ ငါတော့လူငယ်ပဲကွာ..လူကြီးနဲ မပေါင်းချင်ဘူး။ ငါ့တော့ အမှူကြီးကွ (သို့) အရာရှိကြီး..လူငယ်တွေ သွားစမ်းပါ…လူငယ်ဆိုတာ လူကြီး ခိုင်တာပဲ လုပ်ရမယ်…ဆိုတဲ့အသိကို လူကြီးတို့ အသေမမှတ်ပါနှင့်။ ထိုနည်းလည်းကောင်းပဲ..လူငယ်တွေလည်း လူကြီးခိုင်တာ အကုန်လုံးလုပ်ရမယ်ဆိုတဲ့ အယူအဆကို ဒီ (globalization) ခေတ်မှာ မမှတ်ပါနှင့်။
လူငယ်ဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်းခွင့်၊ အမှားနှင့်အမှန်၊ တရား၊မတရားမှုတွေကို သေချာဆုံးဖြတ်နိုင်တဲ့ အသိအဥာဏ်တွေ ရှိတယ်ဆို ကိုယ့်ကိုယ်ကို ယုံကြည်ပါ။
ကြည့်..September အရေးအခင်းမှာ..ငမှူးကြီး၊အမှူးကြီးတွေခိုင်းလို့ ရွှေဝါရောင်ဘုန်းကြီးတွေကိုတောင် မချန်တော့ဘူး..အကုန်းရှင်းတဲ့ ဒို့လူငယ်စစ်သားရဲဘော်တွေ…သြော်…မိုက်လေဘာရော့လား….
ခဏလေ ပြန်စဉ်းစားလိုက်ပါ အမှန်တရားတွေ၊ တရားမျှတမှူတွေကို မင်းတို့လူငယ်စစ်သားရဲဘော်တွေ လုပ်နိုင်တဲ့အရည်အချင်း၊ နည်းလမ်းတွေ၊ အကြံအဥာဏ်တွေ အများကြီးရှိတယ်၊ မြန်မာပြည်ကြီး တိုးတက်သာယာဖို့ဆိုတာ ဒို့လူငယ်အားလုံးမှာ တာဝန်ရှိတယ်..လူငယ်အချင်းချင်း သွေးမခွဲကြပါနှင့်၊ မင်းတို့လည်း လူငယ်၊ ငါတို့လည်းလူငယ်..ဒို့လူငယ်အချင်းချင်း စိတ်ဓာတ်တွေ တစ်စု၊တစ်ခုတည်ဖြစ်မယ် ဆိုရင် ဒို့လူငယ်တွေ နေထိုင်တဲ့ မြန်မာပြည်ကြီးဟာ သာယာမယ်၊တိုးတက်မယ်၊ငြိမ်းချမ်းမယ်။
ဒါကြောင့်…မင်းတို့လူငယ်စစ်သားရဲဘော်အပေါင်းတို့..ဘဘကြီး၊ငမှူးကြီးများရဲ့ အမိန့်တွေကို ခေတ်နှင့်အညီ စဉ်းစားသုံးသပ်.မိမိရဲ့ကိုင်ပိုင်ဆုံးဖြတ်ချက်များဖြင့် အမှန်တရားဘက်မှ အမျိုး၊ဘာသာ၊သာသနာ နှင့်နိုင်ငံကို ကာကွယ်ပေးနေတဲ့ လူငယ်စစ်သားရဲဘော်များဖြစ်ပါစေကြောင်း..အကြံပြုပါရစေ။
စည်းလုံးညီညွှတ်မှုကိုလေစားလျက်
မန်းအိုင်ရှောင်
Posted by
Best Design Ware
at
6:40 AM
0
comments