Saturday, June 14, 2008

စိတ်

ငါတန်ဖိုး အထားဆုံးအရာဟာ ငါ့စိတ်ပဲ၊

ငါ့စိတ်ကိုယုတ်နိမ့်သွားစေမယ့် အတွေးတွေ သဘောထားတွေကို အမြစ်တွယ်ခွင့်မပေးဘူး။

မကောင်းတဲ့အတွေးတွေ သဘောထားတွေကို သိ. သိပြီး ပယ်မယ် လို့ ဆုံးဖြတ်ပြီး အလေ့အကျင့်လုပ်ရင် တစ်နေ့တခြား စိတ်ထားမြင့်မားတဲ့သူ ဖြစ်လာမယ်၊

ဒီတစ်ခုကို ထိထိရောက်ရောက် လုပ်လိုက်ရင် ကိုယ့်ဘ၀တစ်ခုလုံး အရည်အသွေးတိုးတက်လာမယ်။

ဘ၀ရဲ့ အရည်အသွေး ဟာ စိတ်ရဲ့ အရည်အသွေး ပေါ်မှာ မူတည်တယ်။

....ဦးဇောတိက

Tuesday, June 10, 2008

လွတ်လပ်မှု

လွတ်လပ်မှု ဆိုတာဘာလဲ....What does means for freedom?

ကိုယ့်ရဲ့ လွတ်လပ်မှုဟာ သူတစ်ပါးကို ခလုတ်တိုက်မိတယ်ဆိုရင်..ပြသာနာလုပ်မယ်ဆို...မင်းရဲ့ လွတ်လပ်မှုဟာ စစ်မှန်တဲ့၊ တရားမျှတတဲ့ လွတ်လပ်မှု မဟုတ်ဘူး.............

ဒါဆိုရင်...လွတ်လပ်မှုကို...အဖြေရှာ ကြည့်....

ဒို့ နေတဲ့ နိုင်ငံမှာ..ဘယ်လောက် လွတ်လပ်မှုရှိပြီး..ဘယ်သူတွေ လွတ်လွတ်လပ်လပ် နဲ့.....နေနိုင်ပြီး...

လွတ်လပ်မှုရအောင် ဘယ်လိုမလဲ....

ကိုယ့်ကိုယ်ကို လွတ်လပ်မှုရအောင်..အရင်လုပ်ရမယ်...

ှုဦးတည်ချက်၊ ရည်မှန်းချက်


ဦးတည်ချက် ရည်မှန်းချက် မရှိတဲ့သူဟာ ဘာကိုမှ ကျေကျေနပ်နပ် ခံစားနိုင်မှာ မဟုတ်ဘူး။

သူ့ဦးတည်ချက်က သူ့ဘ၀ကို စုစည်းပေးတယ်။ သူ့အင်အားတွေကို စုစည်းပေးတယ်။ သူ့ဦးတည်ချက်က သူ့ကို စည်းကမ်းရှိတဲ့သူဖြစ်အောင် လမ်းတည့်ပေးတယ်။ သူ့ဦးတည်ချက်က သူ့ကို အချိန် ဖြုန်းစရာ မရှိအောင် လုပ်စရာတွေကို ရှေ့မှာ တန်းစီးထားပေးတယ်။ ဘာမှ လုပ်စရာ မရှိဘူးဆိုတာ သူ့အတွက် ဘယ်တော့မှ ဖြစ်မှာ မဟုတ်တဲ့ အခြေအနေပဲ။ သူ အနားယူတယ် ဆိုတာတောင်မှ နားပြီးရင် လုပ်ဖို့ အနားယူတာ။ အားနေလို နားတာ မဟုတ်ဘူး။ သူ့အတွက် ပျော်စရာအကောင်းဆုံးက သူ့စိတ်ကူးတွေကို အကောင်အထည်ဖေါ်နေရတာပဲ။

ဦးတည်ချက်ရှိမှ ရွေးစရာဆိုတာ ဖြစ်လာတယ်။ ရွေးစရာရှိမှ လွတ်လပ်မှုလည်းရှိတယ်။ ဒါကြောင့် ဦးတည်ချက် မရှိတဲ့သူဟာ လွတ်လပ်မှု
မရှိဘူး။

ကိုယ့်ခံယူချက်၊ ယုံကြည်ချက်၊ ကိုယ့်ရဲ့ရပ်တည်ချက်တွေ..မရေရာတာဟာ ကြီးမားတဲ့ ပြသာနာပဲ။

ဆရာတော် ဦးဇောတိက ရဲ့ တွေး မိတိုင်းပျော်တယ်...စာအုပ်မှ ကောင်းနိုးရာများ.....